Java ပညာရပ်လေ့လာ လိုသူတွေအတွက် Programming In Java သင်တန်းကို အခမဲ့ဖွင့်လှစ်မည်


Java ပညာရပ်ကို အခြေခံကျကျ သိချင်သူများနဲ့ Java ကို စိတ်ဝင်စားပြီး ကိုယ်တိုင်သင်ယူရန် ခက်ခဲနေ သူများအတွက် ရည်ရွယ်ပြီး Programming In Java သင်တန်းကို မေလ ၂၁ ရက်မှာ အခမဲ့ ဖွင့်လှစ် သင် ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Programming ရဲ့ Core Concept များ၊ မိမိ Program တစ်ပိုဒ်စတင်ရေးသားရာတွင် ပါဝင်သော Thinking Concept များ၊ Logic များမှစပြီး OOP Feature & Concept များကို စနစ်တကျ သင်ကြားပေးသွားမယ့်အပြင် Java 10 ရဲ့ New Feature များရဲ့ Java Programming Language ကို အသုံးပြုကာ အခြေခံမှစပြီး သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Java ကို ဆက်လက်လေ့လာသင်ယူလိုပါက အခက်အခဲမရှိ အခြေခံပိုင်နိုင်စွာ လေ့လာနိုင်မယ်လို့ သိရပါတယ်။ နိုင်ငံတကာအဆင့်မီ အတွေ့အကြုံရှိ ဆရာများကိုယ်တိုင် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းသားအရေအတွက် ကန့်သတ်သင်ကြားပေးသွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ MTA သင်တန်းကျောင်းသို့ ကိုယ်တိုင်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက Linux Lab (Myanmar)Co.,Ltd ဖုန်း ၀၁- ၆၅၂၂၄၃, ၀၉-၉၇၉၂၉၁၉၁၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


Youtube Channelလေးကို Subscribeလေးနှိပ်ထားပေးနော်




ပါဝင်ရေးသားကြသူမျာ.....

ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)


No comments

Powered by Blogger.