ဗျတ်ဝိ၊ ဇော်ဂျီ အစရှိတဲ့ မြန်မာ့ဒဏ္ဍာရီ သူရဲကောင်းများ ပါဝင်တဲ့ မြန်မာမိုဘိုင်းဂိမ်းWushu King



မြန်မာ့ဒဏ္ဍာရီလာ သူရဲကောင်းများဖြစ်တဲ့ ဗျတ်ဝိ၊ ဇော်ဂျီ အပါအဝင် တရုတ်သိုင်း သူရဲကောင်းများပါဝင်တဲ့ “Wushu King – ThineBayin” (သိုင်းဘုရင်) မြန်မာမိုဘိုင်းဂိမ်းကို အခမဲ့ ရယူဆော့ကစားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဂိမ်းကို MyGame မှ အသစ်မိတ်ဆက် လိုက်တာဖြစ်ပြီး ဂိမ်းအမျိုးအစားကတော့ Strategic Role Playing ဖြစ်ပါတယ်။ သိန်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓါး အစရှိတဲ့ ဇာတ်လမ်းသွားတွေကို ပေါင်းစပ်ဖန်တီးထားပြီး သိုင်းလောကဘုရင်ဖြစ်ဖို့ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ သိုင်းလောကခရီးစဉ်ကို ကိုယ်ပိုင်ဇာတ်ကောင်နဲ့အတူ နောက်ထပ်သူရဲကောင်း ငါးဦးနဲ့ တွဲဖက်ကာ ခရီးနှင်ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းက သူ့အရင်ထွက်ဖူးတဲ့ Hawk Hero ဗားရှင်းအသစ် အနေနဲ့ ဖန်တီးထားခြင်းဖြစ်ပြီး ကစားသမားအချင်းချင်း ဂိုဏ်းတည်ထောင်ကာ အခြားဂိုဏ်းများနဲ့ ယှဉ်ပြိုင်ကစားနိုင်တဲ့ ဂိုဏ်းစစ်ပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။


အဆိုပါဂိမ်းကို Android OS တွင်သာမကဘဲ iOS စနစ်သုံးဖုန်းများမှာ ကစားနိုင်မှာဖြစ်ပြီး Android OS v4.0.3 ဗားရှင်းအထက်နဲ့ iOS 8.0 နဲ့အထက်မှာ ကစားနိုင်မှာဖြစ်ပါတယ်။ ဂိမ်းကို Google PlayStore နဲ့ itunes app store တွေမှာ အခမဲ့ရယူ ကစားနိုင်မယ့်အပြင် ဒီနေရာမှလည်း ရယူကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


ပါဝင်ရေးသားကြသူမျာ.....


No comments

Powered by Blogger.