မတ်လမကုန်ခင် အိန္ဒိယကိုရောက်ရှိမယ့် OPPO F7


Oppo ဟာ R15 နဲ့ R15 Plus တို့ကို မကြာခင် launch လုပ်ဖို့မျှော်လင့်ထားတဲ့အပြင် OPPO F7 ကိုလည်း လုပ်ဆောင်နေပါတယ်။ အသေးစိတ်တော့မသိရသေးပေမယ့်လည်း သတင်းကောင်းကိုယူလာပါတယ်။ အဲဒီဖုန်းမှာ အဟိုက်လေးပါဝင်မှာပါ။ အဲဒီ တရုတ် OEM ရဲ့ flagship လေးကတော့ အိန္ဒိယဈေးကွက်အတွက်အသင့်ဖြစ်နေပါပြီ။ Oppo F7 ဟာ Oppo F5 ရဲ့  နောက်ကထွက်ရှိလာတာဖြစ်ပြီးတော့ F6 ကို ကျော်သွားပြီး F7 ကိုတန်းထုတ်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီလိုနံပါတ်ကျော်သွားတာမျိုးကတော့ မျှော်လင့်မထားခဲ့ပါဘူး။

Oppo F5 လိုပဲ Oppo F7 မှာလည်း ဆယ်လ်ဖီကို ဦးစားပေးထားပါတယ်။ မျက်နှာပြင်အပြည့်နဲ့လာပြီးတော့ ဘောင်နည်းဒီဇိုင်းဖြစ်ပါတယ်။ Oppo R15 မှာလို အဟိုက်လေးကို တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလမကုန်ခင်မှာ Hardik Pandya ဆိုတဲ့ အိန္ဒိယရဲ့နိုင်ငံတကာခရစ်ကတ်ကစားသမားကို ကြော်ငြာသူအဖြစ်နဲ့ရွေးချယ်ထားပါတယ်။

ကောလဟာလတွေထွက်နေတာကတော့ ၆.၂လက်မ Full HD+ screen ၊ 19:9display ၊ Artificial Intelligence  ပါဝင်တဲ့ 25MP selfie camera ၊ real-time HDR ၊ AR stickers ၊ beauty mode ၊ 6GB RAM ၊ MicroSD card slot ၊ 128GB onboard storage ၊ အနောက်ကင်မရာနှစ်လုံး၊ Android 8.1 Oreo ကို Color OS 4.0 နဲ့ တွဲဖက်တွေ့မြင်ရမှာပါ။

ပါဝင်ရေးသားကြသူမျာ.....

ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)


No comments

Powered by Blogger.