ကာလာအလန်းစားတွေနဲ့ တွေ့မြင်ရမယ့် Huawei P20 Pro


Huawei ရဲ့ လာမယ့် P20 ၊ P20 Lite ၊ P20 Pro တို့ရဲ့ အချက်အလက်တွေကတော့ တင်ပြပြီးခဲ့ပြီမို့ သိပြီးလောက်ပါပြီ။ ဒီနေ့ရရှိတဲ့သတင်းတွေကတော့ အသစ်ပါပဲ။ အရောင်တွေအကြောင်းဖြစ်ပါတယ်။ ပုံတွေကိုကြည့်လိုက်မယ်ဆိုရင် တကယ့်ကိုအံ့သြမင်သက်သွားမိပါတယ်။

အပိုတွေမပြောတော့ပါဘူး။ P20 Pro ရဲ့ ပုံလေးတွေကို ကြည့်ကြည့်လိုက်ပါ။

နည်းနည်း အိုဗာတွေများဖြစ်သွားသလား။ ဒါပေမယ့် ဖုန်းကာလာတွေက အတော်လေးကို မိုက်နေပါတယ်။ အဖြူရောင်၊ ငွေရောင်၊ မီးခိုးရောင်လေးတွေပါ။ Essential ရဲ့ bright blue Ocean Depths မော်ဒယ်လ်နဲ့ တူပါတယ်။ Huawei ရဲ့ purple နဲ့ blue P20 Pro ကတော့ ဒီနှစ်ရဲ့အထင်ရှားဆုံးဖြစ်လာပါတယ်။

ဒီကာလာတွေကတော့ standard P20 နဲ့ P20 Lite တို့မှာရနိုင်မှာဖြစ်ပါတယ်။ ပုံလေးကိုကြည့်လိုက်တော့ ပန်းရောင်နဲ့ရွှေရောင်ကို ရောထားသလားတောင် ထင်ရပါတယ်။ အရောင်နှစ်ရောင်စပ်လေးတွေလား မသိပါဘူး။

P20 နဲ့ P20 Pro တို့မှာ သာမန် အနက်ရောင်နဲ့ အပြာရောင်မော်ဒယ်လ်လေးတွေ ရနိုင်မှာပါ။ P20 Lite ကတော့ အနက်နဲ့ အပြာတို့ကို ရနိုင်မှာပါ။

နောက်ပြီး pinkish gold လးကတော့ ရောင်ပြေးမပါပါဘူး။

Huawei ကတော့ ဒီဖုန်းတွေကို ဒီလကုန်လောက်မှာ ထွက်နိုင်ဖို့မျှော်လင့်ထားပါတယ်။ P20 series ကတော့ P10 ရဲ့နောက်မှာထွက်ရှိလာတာဖြစ်ပြီးတော့ Mate 10 Pro ကို ယူအက်စ်မှာ ထွက်ရှိလာတာ တစ်လလောက်ပဲရှိပါသေးတယ်။ P20 Pro ကတော့ အထင်ရှားဆုံးပါပဲ။ အနောက်ဘက်မှာ ကင်မရာသုံးလုံးပါပြီးတော့ 5x zoom နဲ့ 40 megapixel တွေပါဝင်မှာဆိုတော့ လန်းနေပါပြီ။

Source ; MMAS

ပါဝင်ရေးသားကြသူမျာ.....

ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)


No comments

Powered by Blogger.