Honor 7C ကို မတ်လ ၁၂ ရက်တွင် မိတ်ဆက်မည်



ပြီးခဲ့တဲ့လက တရုတ်နိုင်ငံအရည်အသွေးစစ်ဆေးရေးအဖွဲ့ (TENAA) မှ ရောင်းချခွင့်အတွက် အသိအမှတ်ပြုခဲ့တဲ့နောက် ဒီကနေ့မှာတော့ Hornor 7C မိတ်ဆက်ကြေညာမယ့်နေ့ရက်အတိအကျကို သိရှိရပြီ ဖြစ်ပါတယ်။

ဒီအကြောင်းကို Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor က တရုတ်လူမှုရေးမီဒီယာပေါ်ကနေ ဓာတ်ပုံတစ်ခုနဲ့ ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီဓာတ်ပုံမှာ Honor 7C ကို မတ်လ ၁၂ ရက်မှာ မိတ်ဆက်ကြေညာသွားမယ်လို့ ဖော်ပြထားသလို ၅.၉၉ လက်မ touchscreen, SIM နှစ်ခု၊ microSD card တစ်ခု ထည့်သွင်းနိုင်တဲ့ triple slot တစ်ခုနဲ့ ကျောဘက်ကင်မရာနှစ်ခုတို့ကို ပြသထားပါတယ်။

TENAA မှာဖော်ပြထားချက်အရ အဲ့ဒီ display ဟာ 18:9 aspect ratio ဖြစ်ပြီး 1,440 x 720 resolution နဲ့ဖော်ပြပေးနိုင်ကြောင်း၊ ကျောဘက်က dual camera စနစ်မှာ 13MP နဲ့ 20MP resolution ပါဝင်ကြောင်း သိရပါတယ်။ RAM ကို 3GB ဒါမှမဟုတ် 4GB နဲ့ရရှိနိုင်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်တယ်လို့ ဆိုပါတယ်။

Honor 7C မှာ Android 8.0 နဲ့ EMUI 8.0 ကိုအသုံးပြုထားပြီး ဘက်ထရီက 2,900mAh ဖြစ်ပါတယ်။ အရောင်အနေနဲ့ ရွှေရောင်၊ အပြာရောင်၊ အနက်ရောင်တို့နဲ့ တွေ့မြင်ရနိုင်ပါတယ်။


Ref: GSMArena

No comments

Powered by Blogger.