Apple ရဲ့ True Tone Display


True Tone Display ဆိုတာဘာလဲ…

True Tone Display ဆိုတာ အရှင်းဆုံးပြောရရင် ဖုန်း display ရဲ့အရောင်ကို ပတ်ဝန်းကျင်က အလင်းရောင်နဲ့ သဟဇာတဖြစ်အောင် ချိန်ညှိပေးတဲ့ Feature ဖြစ်ပါတယ်။ True Tone Display feature ကို 2016 iPad Pro 9.7 inch မှာ စတင်မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

True Tone အလုပ်လုပ်ပုံကတော့ Auto Brightness လိုပဲ Ambient Sensor နဲ့ Llight Sensor တွေကို အသုံးပြုပြီး ပြင်ပ အလင်းရောင်ကို အာရုံခံကာ ဖုန်း Display ရဲ့ အဖြူရောင် ပမာဏကို အဓိကပြောင်းလဲချိန်ညှိပေးတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ အခန်းထဲက ဖွင့်ထားတဲ့မီးက အ၀ါရောင် ဖြစ်နေတယ်ဆိုပါတော့ (Warmer color ပူနွေးတဲ့ အရောင်ပေါ့)၊ အဲ့လိုဆိုရင် Display ကလည်း ဖြည်းဖြည်းချင်း အ၀ါရောင်ဖက် ပြောင်းလာမှာဖြစ်ပါတယ်။ True Tone မပါဘဲကြည့်မယ်ဆိုရင် Display ကိုကြည့်ရတာ အပြာရောင်ဖက်သန်းနေတာ သိသိသာသာမြင်ရမှာပါ။ အသိသာဆုံးကတော့ စာဖတ်တဲ့အချိန်ပါ၊ Facebook ကစာပဲဖြစ်ဖြစ် Web browsing လုပ်တာပဲဖြစ်ဖြစ် မီးရောင် အ၀ါအောက်မှာဆိုရင် True Tone ကြောင့် တစ်ကယ် စာရွက်ကို ဖတ်နေရသလို ခံစားရစေပါတယ်လို့ Apple ကပြောထားပါတယ်။ အဓိကအားသာချက်ကတော့ အခြား Phone တွေမှာပါတဲ့ Reading Mode လိုသပ်သပ်ထည့်ထားတာမဟုတ်သလို Auto အလုပ်လုပ်ပေးတဲ့အတွက် ဖွင့်ရပိတ်ရတာမျိုးတွေ အလုပ်မရှုတ်တော့ပါဘူး။


True Tone Display feature က iPhone, iPad တွေ Activate လုပ်တဲ့အချိန်ကတည်းက ဖွင့်ပေးပြီးသားပါ။ မကြိုက်လို့ ပိတ်ထားချင်ရင်လည်း Control Center ကနေ Brightness ရဲ့အောက်မှာ သွားပိတ်လို့ရသလို Settings>Display & brightness>True Tone မှာလည်း ပိတ်လို့ရပါတယ်။ Ture Tone ကိုအစပိုင်းမှာ ကြိုက်မှာမဟုတ်ပေမယ့် စာဖတ်တာများရင် ဖွင့်ထားသင့်ပါတယ်။ အသုံးပြုတာ အကျင့်ဖြစ်သွားရင် မသိသာတော့တဲ့အပြင် မျက်လုံးအတွက် သက်သာပါတယ်။

True Tone ပါတဲ့ Device တွေကတော့ iPad Pro 9.7 inch, iPad Pro 10.5-inch, iPad Pro 12.9-inch (2nd generation), iPhone X, iPhone 8 and iPhone 8 Plus တို့ပဲဖြစ်ပါတယ်။



No comments

Powered by Blogger.