USB Type-C ကြိုးတွေရဲ့ အားသာချက်တွေ


အားသွင်းဖို့နဲ့ ဒေတာတွေလွှဲပြောင်းဖိုသုံးတဲ့ USB device တွေမှာတော့ USB Type-C တွေက နောက်ဆုံးထွက်ထားတဲ့ connector တွေပါပဲ။ ၂၀၁၄ သြဂုတ်လတုန်းက ထွက်ခဲ့ပြီး pin 24 ချောင်းပါတဲ့ reversible-plug connector ဖြစ်ပါတယ်။

Reversible connector တွေဖြစ်လို့ပြောင်းပြန်အတည့်ကြည့်နေစရာမလိုဘဲ device ထဲကို ကြိုက်သလိုတပ်အားသွင်းလို့ရပါတယ်။

USB Type-C ကိုသုံးလိုက်ရတဲ့အားသာချက်က နောက်ဆုံး Type-C နဲ့ပတ်သတ်ပြီး ဘယ်လောက်တောင်အဆင်မြင့်နေပြီလဲ ဘယ်လောက်တောင်ကိုယ့်အတွက်အကျိုးရှိလဲဆိုတာသိလာမှာပါ။

၁. အားသွင်းလို့ရတဲ့ ပစ္စည်းတိုင်းအတွက် Universal cable နဲ့ charger များဖြစ်လာခြင်း

မူလ USB connector တွေကတော့ Type A, Type B, miniB နဲ့ microB ဆိုပြီး ရှိပါတယ်။ အကုန်လုံး USB Type C ပစ္စည်းတွေချည်းသာဖြစ်ခဲ့ရင် ခေါင်းစားစရာမလိုဘဲ Type C ကြိုး နဲ့တင် ပစ္စည်းတိုင်းကိုအားသွင်းလို့ရမှာပါ။ အမျိုးမျိုးသော ကြိုးတွေကို သွားလေရာသယ်သွားစရာမလိုတော့ဘူးပေါ့။

၂. အားသွင်းရမြန်ခြင်း

ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေက အားသွင်းအမြန်စနစ်ကိုသာ ထောက်ပံ့ပေးနိုင်တယ်ဆိုရင် Type-C တွေက အားအမြန်သွင်းပေးနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့ကို PD (Power Delivery) လို့ခေါ်ကြပြီး အားမြန်မြန်ပြည့်ချင်ကြတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါ။

၃. USB ကြိုးနဲ့တင် လပ်တော့ပ်တွေအားသွင်းလို့ရနိုင်ခြင်း

USB Type-C တွေမှာ power အားသာများများရလာနိုင်တဲ့တစ်နေ့ကျရင် အားများတဲ့ပစ္စည်းတွေ ဥပမာ လပ်တော့ပ်တွေကိုပါ အားသွင်းလို့ရလာနိုင်မှာပါ။

၎. ဒေတာပေးပို့နှုန်းမြန်ခြင်း

Default အနေနဲ့ကတော့ Type-C တွေက USB2 တွေကို ထောက်ပံ့ပေးထားပြီး ဒေတာပေးပို့နှုန်း 10Gbps ရှိတဲ့ ပိုမြန်တဲ့ USB3 တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ USB3 မှာမှ “USB-3.1 Gen 1” နဲ့ “USB 3.1 Gen2” ဆိုပြီး generation ၂မျိုးရှိပြီး Gen 1 က ဒေတာပေးပို့နှုန်း 5Gbps ထိရှိလို့ အခု USB 2.0 တွေထက် ၁၀ဆ ပိုမြန်ပါတယ်။ Gen 2 ကတော့ 10Gbps ဖြစ်လို့ လက်ရှိ USB 2.0 တွေထက် အဆ ၂၀ ပိုမြန်ပါတယ်။

၅. Additional Data

Device ကသာ ထောက်ပံ့ပေးရင် ဘက်ထရီသက်တမ်းကိုလည်း remote- monitoring ပေးလို့ရနိုင်ပါတယ်။

Type-C တွေက သုံးစွဲသူတွေအတွက် ဒီလိုကောင်းကွက်တွေရှိတာကြောင့် device တွေကလည်း အလွယ်တကူချိန်ဆက်လို့ရနိုင်၊ အားသွင်းမြန်နိုင်၊ ဒေတာလွှဲပြောင်းမြန်နိုင်၊ သူတို့တွေရဲ့အားသွင်းတာနဲ့ပတ်သတ်ပြီးဒေတာတွေ အချက်အလက်တွေကိုလည်း အလွယ်တကူပေးနိုင်မှာပါ။

TYPE-C Cable

USB Type-C ကြိုးဝယ်တော့မယ်ဆိုရင် သိထားဖို့လိုအပ်တဲ့ အား level ၂မျိုးရှိပါတယ်။ အားသွင်းမှာလား အားလည်းသွင်းဒေတာလည်းပြောင်းရွှေ့လုပ်မှာလား ဒါတွေကိုလိုက်ပြီး အမြန်နှုန်းနဲ့ အားတွေကိုရွေးချယ်လို့ရပါတယ်။ ဒါကြောင့် 3A(60W) နဲ့ 5A(100W) ဆိုပြီး ရွေးစရာ၂ခုရှိပါမယ်။

ဒီနေရာမှာ မှန်ကန်တဲ့အားသွင်းကြိုးကိုရွေးချယ်တတ်ဖို့ တော်တော်အရေးကြီးပါတယ်။ အားနည်းတဲ့ကြိုးတွေက အားသွင်းတာလည်း ကြာပါတယ်။

USB Type-C ကြိုးတွေနဲ့ အနာဂတ်
Power Delivery (PD) ရဲ့နောက်ဆုံးဗားရှင်းက သုံးတဲ့သူတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်ပေးထားပါတယ်။ အားသွင်းဖို့အတွက် ရနိုင်တဲ့လျှပ်စီးကြောင်းနဲ့ ဗို့အားပမာဏကို device နဲ့ကြိုးကြားညှိယူရမှာဖြစ်ပါတယ်။

မူရင်းအတိုင်းကတော့ အားသွင်းကြိုးတစ်ချောင်းက 2Amp (40 Watt) မှာ 20v အားသွင်းနိုင်ပြီး 18Watt ပဲလိုတဲ့ပစ္စည်းကိုတော့ 40Watt ကြိုးနဲ့အားသွင်းလို့ရမှာမဟုတ်ပါဘူး။ ဒါအရင်ကပါ။ အခု Type C ကြိုးတွေမှာတော့ အားသွင်းကြိုးက 27Watt ပဲသတ်မှတ်ထားတယ်ဆိုရင် 27Watt ရှိတဲ့ပစ္စည်း ဒါမှမဟုတ် သူ့ထက်နည်းတဲ့ ပစ္စည်းကိုသွားသွင်းလို့ရပါမယ်။

ဥပမာ ရှင်းအောင်ပြောရရင် 15W, 27W, 45W, 60W, 100W ရှိတဲ့အားသွင်းကြိုးအမျိုးမျိုးရှိပါတယ်။ ဒါဆို 45 Watt ပဲလက်ခံလို့ရတဲ့ပစ္စည်းက 15W, 27W နဲ့ 45W တွေကို လက်ခံပေးနိုင်မှာပါ။

ဒီ Type-C လောကကလည်း တဖြည်းဖြည်းတိုးတက်လာပြီဖြစ်လို့ ဘယ်လိုတွေဘယ်လောက်ထိ တိုးတက်လာအောင် စောင့်ရမလဲဆိုတာပဲကျန်ပါတော့တယ်။ USB Type-C တွေရဲ့အားသာချက်တွေကိုလည်း သိသွားလောက်ပြီဖြစ်လို့ USB Type-C device တွေ charger တွေသုံးတာ ပိုကောင်းတယ်လို့ပဲ ပြောလိုက်ပါရစေ….

No comments

Powered by Blogger.