LG က ဖုန်းလိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ ကိရိယာကို ဖန်တီးနေ


ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်း တီထွင်နေတာ ဆမ်ဆောင်း ကုမ္ပဏီတစ်ခုထဲ မဟုတ်ပါဘူး။ LG ကလည်း အဲဒီလို စမတ်ဖုန်းမျိုးတီထွင်နေပါတယ်။ The Verge က LG ရဲ့ ခေါက်ချိုး စမတ်ဖုန်း ဒီဇိုင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

LG က အဲဒီ စမတ်ဖုန်းရဲ့ Patent ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ကျမှ လူသိရှင်ကြား ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီက ထက်ဝက်ခေါက်ချိုးနိုင်တဲ့ ကွေးညွှတ် မျက်နှာပြင် ပါတဲ့ စမတ်ဖုန်းလို့ ညွှန်းဆိုထားပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းကို ဖြန့်လိုက်ရင်တော့ တက်ဘလက်တစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပုံကြမ်းများအရ စမတ်ဖုန်းရဲ့ အနောက်ဘက်မှာ အချိန်လို သတင်းအချက်အလက်များကို ပြသပေးနိုင်ပါတယ်။ ဒါဟာ LG V30 ရဲ့ Always-on Clocks လို စွမ်းဆောင်ချက်နဲ့ တူညီပါတယ်။

လက်ရှိမှာတော့ အဲဒီ စမတ်ဖုန်းဟာ Patent အဆင့်သာရှိပါသေးတယ်။ စမတ်ဖုန်ုး ကုမ္ပဏီများဟာ Patent များစွာကို မှတ်ပုံတင်ထားလေ့ရှိပြီး တကယ့် ထုတ်ကုန်အဖြစ် ပေါ်ထွက်လာခြင်း မရှိတဲ့ Patent များစွာလည်း ရှိပါတယ်။ အဲဒီအတွက် ယခုစမတ်ဖုန်းဟာ အနာဂတ်မှာ LG ထံကနေ အမှန်တကယ်ထွက်ပေါ်လာမယ်လို့ ရာနှုန်းပြည့် ပြောလို့ မရပါဘူး။

Ref : mashable

No comments

Powered by Blogger.