အမေရိကန်တက္ကသိုလ် ပညာရေးပြပွဲကို ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်မည်


၂၀၁၈ ခုနှစ် အမေရိကန်တက္ကသိုလ် ပညာရေးပြပွဲကို ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအ ထိ Hilton Mandalay မှာ လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ Novotel Yangon Max မှာလည်းကောင်း ကျင်းပပြုလုပ်သွား မယ်လို့သိရပါတယ်။

အမေရိကန်နိုင်ငံမှာပညာသင်ယူဖို့ စိတ်ပါဝင်စားသူတွေအနေနဲ့ ပွဲမှာ အမေရိကန်တက္ကသိုလ်၊ ကောလိပ်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်ပါတယ်။ ဒီတက္ကသိုလ်ပညာရေးပြပွဲမှာ အမေရိကန်တက္ကသိုလ်က ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံကာ သူတို့ကျောင်းမှာရှိတဲ့ အစီအစဉ်တွေအကြောင်း၊ ပညာသင်ဆုတွေ အကြောင်းကို ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်သလို အမေရိကန်ကောင်စစ်အရာရှိတွေကလည်း ကျောင်းသားဗီဇာနဲ့ ပတ်သက်ပြီး သိလိုတာတွေဖြေကြားပေးဖို့ အဆင့်သင့်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲကို မည်သူမဆို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို EducationUSABurma ဖေ့စ်ဘွတ်စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ

No comments

Powered by Blogger.